တာဝန်သိသော လောင်းကစားခြင်း မူဝါဒ

တာဝန်သိသော လောင်းကစားခြင်း မူဝါဒ

  1.  အော်ပရေတာ (SBOTOP)သည် အသုံးပြုသူအား တာဝန်ယူမှုရှိသောလောင်းကစားနိုင်သည့် ပတ်ဝန်းကျင်ပေးရန်ဟူသည့် အချက်ကိုအခိုင်အမာထိန်းသိမ်းထားပါသည်။ လောင်းကစားခြင်းကိုအပန်းဖြေလှုပ်ရှားမှုတစ်ခုအနေဖြင့် ပျော်ရွှင်စွာ ကစားသင့်သော်လည်း၊ သုံးစွဲသူများ၏ ဂရုမမူမှုကြောင့်ပြဿနာများဖြစ်ပေါ်နိုင်ပေသည်။ အော်ပရေတာသည် စိတ်မထိန်းနိုင်လောက်အောင် ကစားခြင်းအားတားမြစ်ရန်နှင့် အသက်မပြည့်မီသူများအား ဝက်ဘ်ဆိုက်ရှိဂိမ်းများအသုံးပြုခြင်းကို တားမြစ်ရန် ရည်ရွယ်သကဲ့သို့ တစ်ဖက်တွင်လည်းဖော်ရွေစွာဖြင့် လောင်းကစားခြင်းဖျော်ဖြေမှု အတွေ့အကြုံများကို အသုံးပြုသူများအားပေးနေပါသည်။ တာဝန်သိသောလောင်းကစားအော်ပရေတာအနေဖြင့်  အသုံးပြုသူများစိတ်ချမ်းသာရေးသည် အင်မတန် အရေးကြီးပါသည်။

  2. အော်ပရေတာသည် လောင်းကစားပတ်သက်ပြီး ၎င်းတို့၏ လောင်းကစားအမူအကျင့် ထိန်းချုပ်ရန် အကူအညီလိုအပ်သည့် အသုံးပြုသူ များအတွက် မိမိကိုယ်ကို ဖယ်ထုတ်ခြင်း အင်္ဂါရပ်ကို အကောင်အထည်ဖော်ခဲ့ပါသည်။ အသုံးပြုသူသည် အင်တာနက်လောင်းကစား ဝန်ဆောင်မှုဝဘ်ဆိုဘ်တို့ဝင်ရောက်ခြင်း သို့မဟုတ် လောင်းကစားပြုလုပ်လို့ရသည့် ပလက်ဖောင်းသို့ဝင်ရောက်ခြင်းကို ၇ ရက်၊ ၃၀ ရက်၊ ၉၀ ရက် ကာလအတွင်း မိမိကိုယ်ကို ဖယ်ထုတ်ခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်ပြီး သို့မဟုတ် ရာသက်ပန်အကောင့်ပိတ်သိမ်းခြင်းအတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးသည့်အသင်းအား support@sbotop.com သို့အီးမေးလ်ပေးပို့အကူအညီတောင်းခံနိုင်မည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့်လည်း မိမိကိုယ်ကိုယ်ကို အားကစား နှင့် ဂိမ်းများတွင် အများဆုံးလောင်းနိုင်သည့် ပမာဏကို သီးသန့် ထိန်းချုပ် ကန့်သတ်သတ်မှတ်နိုင်မည်ဖြစ်သည်။ ကာစီနိုတွင် အသုံးပြုသူအနေဖြင့် ၇ ရက်အတွင်းရှုံးနိုင်သည့် ပမာဏကို ကန့်သတ်ထိန်းချုပ်ရန်အတွက် အများဆုံးရှုံးနိုင်သည့် ပမာဏကို သတ်မှတ်နိုင်မည်ဖြစ်သည်။ အသုံးပြုသူများသည် ငွေအဆက်မပြတ်သွင်းခြင်းကို ကန့်သတ်ထိန်းချုပ်ရန် အတွက် နေ့စဥ်၊ ၇ ရက် သို့မဟုတ် ရက်ပေါင်း ၃၀ အတွင်း ငွေသွင်းကန့်သတ်ချက်ကိုလည်း သတ်မှတ်နိုင်မည်ဖြစ်သည်။ အောက်ပါများသည် အသုံးပြုသူများ လောင်းကစားပြုလုပ်စဥ်တွင် ထိန်းချုပ်နိုင်ရန်အတွက် မှတ်သားသင့်သည်။

    1.  လောင်းကစားခြင်းကို ငွေရှာရန် (သို့မဟုတ်) အကြွေးဆပ်ရန် နည်းလမ်းတစ်ခုအဖြစ် မမြင်သင့်ပါ။ ၎င်းကိုဖျော်ဖြေမှု အဖြစ်သာ မြင်သင့်ပါသည်။
    2. အသုံးပြုသူ များအနေဖြင့် မိမိကိုယ်တိုင် အားကစား လောင်းကစားခြင်း နှင့် ဂိမ်း လောင်းကစားခြင်း တို့၏ စည်းမျဥ်းနှင့်သတ်မှတ်ချက်များကို နားလည်သဘောပေါက်ထားသင့်ပါသည်။
    3. အသုံးပြုသူအနေဖြင့် မိမိတို့ ရှုံးရန် တတ်နိုင်သောပမာဏကိုသာအလောင်းအစားလုပ်သင့်ပါသည်။
    4. အသုံးပြုသူသည် အရှုံးနောက်လိုက်ရန် မကြိုးစားသင့်ပါ။ 
    5. အသုံးပြုသူသည် ၎င်းတို့ အလောင်းအစားတွင် သုံးလိုက်သောငွေပမာဏကို မျက်ခြည်မပြတ် ကြည့်သင့်ပါသည်။

  3.  အော်ပရေတာသည် လောင်းကစားလေ့မရှိသော အသုံးပြုသူများအတွက် ပြဿနာများ ဖြစ်နိုင်သည်ကိုသိပါသည်။ ထို့ကြောင့် အသုံးပြုသူများအနေဖြင့် ပြဿနာများဖြစ်ပေါ်လာပါက အောက်တွင်ဖော်ပြပါ ဝက်ဘ်ဆိုက်များရှိအဖွဲ့အစည်းတစ်ခုခု၏ ကျွမ်းကျင်သူများတစ်ဦးဦးထံတွင် အကူအညီရယူရန် တိုက်တွန်းလိုပါသည်။